ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သော Innovative ICT-Integrated Classroom ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း



6

2

3

7

9

12

 

ပညာရေးဝန်ကြီးဌာန ၊ အခြေခံပညာဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Innovative ICT-Integrated Classroom ဖွင့်ပွဲအခမ်းအနားကို အထက(၂) ဒဂုံ၊ ရန်ကုန်မြို့၌ (၁၈-၁၂-၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ၊ ကိုရီးယားသမ္မတနိုင်ငံ ၊ မြန်မာသံရုံးမှ ပထမအတွင်းဝန်၊ ကိုရီးယားသမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် (KERIS)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပထမပိုင်းအခမ်းအနားတွင် အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ကိုရီးယားသမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး တို့မှ ကျေးဇူးတင်စကားပြောကြား ကြပါသည်။
ဒုတိယပိုင်းတွင် (KERIS)မှ လှူဒါန်းသော ICT Classroom ဖွင့်ပွဲအခမ်းအနားကို အဆိုပါစာသင်ခန်း၌ ကျင်းပပြီး ဆရာမတစ်ဦးမှ သရုပ်ပြသင်ကြားခဲ့ပါသည်။ ၎င်းနောက် နှစ်နိုင်ငံသဘောတူညီမှု ICT Classroom လွှဲပြောင်းပေးအပ်မှုစာချုပ်ကို အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် (KERIS)မှ တာဝန်ရှိသူတို့ လက်မှတ်ရေးထိုး လဲလှယ်ကြပါသည်။
အခမ်းအနားကို (၁၂း၀၀)နာရီတွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီးတက်ရောက်လာသော ဧည့်သည်တော်များအား(KERIS)မှ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။



Bookmark the permalink.

Comments are closed.