ကျောင်းဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြုအစီအစဉ်



dbe

ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့လက်တွဲဆောင်ရွက်လျက်ရှိသော ကျောင်းဖွံ့ဖြိုး တိုးတက်မှု အထောက်အကူပြု အစီအစဉ် အရ ပညာရေးလုပ်ငန်းအစီအစဉ်များတွင် ကမ္ဘာ့ဘဏ်၏ လူမှုရေးရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒနှင့်လမ်းညွှန်ချက်၊ လုပ်ထုံး လုပ်နည်းများကို တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် အသိပေးဆွေးနွေးပွဲများပြုလုပ်၍ ဆွေးနွေးအကြံပြုချက်များ ရယူမည်ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပညာရေး အစီအစဉ်များမှာ ကျောင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုအစီအစဉ်၊ ပညာသင်ထောက်ပံ့ကြေး အစီအစဉ်၊ ဆရာ၊ဆရာမများ အရည်အသွေးတိုးတက်ရေးနှင့် ကျောင်းအုပ်စု လုပ်ငန်းများ ဖွံ့ဖြိုးရေးအစီအစဉ်တို့ပါဝင်ပြီး ၂၀၁၄-၂၀၁၅ ပညာ သင်နှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစတင်၍ နောက်ဆက်တွဲ ဘဏ္ဍာငွေပံ့ပိုးသည့် အစီအစဉ်အရ အထက်ပါလုပ်ငန်းများကို သြစတြေးလျ၊ ဒိန်းမတ်၊ ဖင်လန်နိုင်ငံအစိုးရတို့၏ ပံ့ပိုးငွေဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်ကာ ပညာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ဘဏ်နှင့် GPE ( Global Partnership for Education) တို့သည် ပညာရေးအစီအစဉ် အသစ်တစ်ခု ဖြစ်သော IAQE (Inclusive Access for Quality Education)ကို ပူးပေါင်းလက်တွဲ ဆောင်ရွက် မည်ဖြစ်ပါသည်။ ဤအစီအစဉ်တွင် ကျောင်းဆောင်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၊ ကျောင်းပြင်ပ ပညာရေးလုပ်ငန်း၊ တိုင်းရင်းသားများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်စေမည့်လုပ်ငန်း၊ ကျောင်းများ၏ လိုအပ်ချက်ဆန်းစစ်ခြင်းနှင့် ရန်ပုံငွေပံ့ပိုးခြင်းလုပ်ငန်း၊ ဆရာ၊ ဆရာမများ အရည် အသွေးမြင့်မားရေးနှင့်ကျောင်းအုပ်စုဖွံ့ဖြိုးရေးလုပ်ငန်းများပါဝင်ပါသည်။

အဆိုပါလုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျင့်သုံးရမည့်မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ယခုဖော်ပြပါ Website တွင် အများပြည်သူ ဖတ်ရှုနိုင်ရန်ပူးတွဲတင်ပြထားပါသည်။ ယခုဖော်ပြပါ လုပ်ငန်းအစီအစဉ်များအနက် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်၏အနှစ်ချုပ် Power Point အား မြန်မာဘာသာဖြင့် တင်ပြထား၍ အခြားသောလုပ်ငန်းအစီအစဉ် များအား အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြထားခြင်းဖြစ်ပြီး၊ ဆက်လက်၍ မြန်မာဘာသာဖြင့် တင်ပြသွားမည်ဖြစ်ပါသည်။ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား မိဘပြည်သူများအားလုံး သိရှိနိုင်စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အသိပေးဆွေးနွေးပွဲများအား ကျင်းပ သွားမည်ဖြစ်ပြီး ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျက်ရှိပါသည်။

ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးတွဲကျင်းပမည့် တိုင်းဒေသကြီး/ ပြည်နယ် အဆင့် အသိပေး ဆွေးနွေးပွဲများကို အောက်ပါ အတိုင်းကျင်းပရန် လျာထားလျက်ရှိပါသည်။

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်        =       ရန်ကုန်တိုင်းဒေသကြီးနှင့်  နေပြည်တော်

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်       =       ရခိုင်ပြည်နယ်နှင့်   ရှမ်းပြည်နယ်(အရှေ့)

MOE-WB-SA-report_draft-Jan-22-2019_for-disclosure-and-consultations Download ရယူရန်<<<

MOE-WB-ESMF_draft-Jan-23-2019_for-disclosure-and-consultations Download ရယူရန်<<<

MoE_ESMF-Summary_for-translation-and-consultation.-Myanmar-translation-1 Download ရယူရန်<<<

 



Bookmark the permalink.

Comments are closed.