ကျောင်းကား အစီး ၆၀ လှူဒါန်းမှုစီမံကိန်း လက်မှတ်ရေးထိုးပွဲကျင်းပ



DSC_5173

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency- KOICA) တို့ ပူးပေါင်း၍ ကျောင်းကားအစီး ၆၀ လှူဒါန်းမှုဆိုင်ရာ စီမံကိန်းလက်မှတ်ရေးထိုးပွဲကို (၈-၇-၂၀၁၉) ရက်နေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် KOICA Myanmar Office မှ Chief Representative, Ms.Lee, Youn Soo တို့က လက်မှတ်ရေးထိုးကြပါသည်။



Bookmark the permalink.

Comments are closed.