အခြေခံပညာဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ဆရာ၊ဆရာမများ၏ ICT နည်းပညာအရည်အသွေး ပိုမိုတိုးတက်စေရန်အတွက် ဖွင့်လှစ်သည့် Advanced Computer Training (2019)ဗဟိုအဆင့် သင်တန်း



image-0-02-06-3ca545fb91c4b5a6b178d21f429805a64d4e8961dbb6451f2835e795e8f217c5-V

output_lCHJUG

Advanced Computer Training (2019) ဗဟိုအဆင့်အလုပ်ရုံဆွေးနွေးပွဲ

အခြေခံပညာဦးစီးဌာနရှိ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများမှ ဝန်ထမ်းများနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများ၏ ICT နည်းပညာအရည်အသွေး တိုးတက် မြင့်မားစေရန်နှင့်  ICT နည်းပညာနှင့်ပတ်သက်သည့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အတွက် Advanced Computer Training (2019) ဗဟိုအဆင့်အလုပ်ရုံဆွေးနွေးပွဲကို (၂၆-၈-၂၀၁၉) ရက်နေ့မှ (၁-၉-၂၀၁၉)ရက်နေ့အထိ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်၌ နံနက်(၉:၀၀) နာရီ မှ ညနေ(၄:၀၀) နာရီအထိ ကျင်းပရာ တိုင်းဒေသကြီး/ပြည်နယ်ပညာရေး မှူးရုံးများရှိ ကွန်ပျူတာအခြေခံကျွမ်းကျင်ပြီး ဆင့်ပွားသင်တန်းပြန်လည်ပို့ချနိုင်မည့် တာဝန်ရှိ သူ(၁)ဦး၊ မြို့နယ်ပညာရေးမှူးရုံးမှ(၁)ဦး၊ အခြေခံပညာကျောင်းများမှ PGDMA ဆရာ၊ဆရာမ (၁)ဦးစီဖြင့် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုလျှင် စုစုပေါင်း(၃)ဦးစီ၊ ရုံးချုပ်မှ (၃)ဦး၊ စုစုပေါင်း (၅၇)ဦး တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် Comprehensive PowerPoint, Scratch Programming, Video Editing အကြောင်းအရာများနှင့်ပတ်သက်၍ KMD Company Limited က ဦးဆောင်ဆွေးနွေးပြီး ဆင့်ပွားဆွေးနွေးပွဲများကိုလည်း တိုင်းဒေသကြီး/ပြည်နယ် အလိုက် ကျင်းပသွားမည်ဖြစ်ပါသည်။

 



Bookmark the permalink.

Comments are closed.